စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ - KNUS

စည်းလုံးညီညွတ်ခြင်း

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ - KNUS

ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ၁၉၉၈ ခုနှစ်တွင် စတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ပဒိုစောဘသင်စိန်၊ ပဒိုမန်းရှာလားဖန်းနှင့် ပဒိုစောဒေးဗစ်ထော တို့က ဦးဆောင်သော ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး အစည်းအဝေး ကျင်းပရန်အတွက် ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ပထမဆုံးအကြိမ် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး အစည်းအဝေးကို ၁၉၉၉ ခုနှစ် ဇန်နဝါရီလ (၂၅) မှ (၂၉) ရက်အထိ ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ဝေါ်လေခီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် အစည်းအဝေးများကို ၂၀၀၂ ခုနှစ် တွင်လည်းကောင်း၊ ၂၀၀၄ ခုနှစ် တွင်လည်းကောင်း၊ ၂၀၀၅ ခုနှစ် တွင်လည်းကောင်း၊ ၂၀၀၇ ခုနှစ် တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် တွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ် တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ် တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နဝမကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ မေလ (၂၇) မှ (၃၁) ရက်နေ့အထိ ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကရင်အမျိုးသား အဖွဲ့အစည်းပေါင်း (၄၀) နှင့် ကိုယ်စားလှယ် (၁၅၀) ဦးကျော်တို့က တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေကို အခြေခံ၍ ကရင်လူမျိုးများအားလုံး စည်းလုံးညီညွတ်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ထောင်ရေးကို အခြေခံသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရန်အတွက် အစည်းအဝေး တက်ရောက်လာသူများက ကတိကဝတ် ပြုခဲ့ကြသည်။

ဒဿမကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး အစည်းအဝေးကို ၂၀၁၄ ခုနှစ် မေလ (၂၈) မှ (၃၁) ရက်အထိ ကရင်လွတ်မြောက်ရေးဒေသ ထိန်းချုပ်နယ်မြေ လေးဝါး (ခ) လော်ခီးလာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပအခြေစိုက် ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ကရင်ဘာသာရေး ခေါင်းဆောင်များ၊ ကရင်လူငယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း (၆၆) ဖွဲ့က ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၂၄၆) ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

  • 10th Karen Unity Seminar
    Source: Youtube
  • 8th Karen Unity Seminar
    Source: Youtube
  • 7th Karen Unity Seminar
    Source: Youtube