စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ညောင်လေးပင်ခရိုင် အတွင်း တွင် SAC လေကြောင့်ဖြင့် ပြည်သူလူထုအားပစ်မှတ်ထား ပြီး ပြည်သူလူထုများနေထိုင်သော ကျေးရွားများအတွင်း နှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်းများ အတွင်းသို့ တစ်ရက်တည်း (၁၄) ကြိမ် ဗုံကြဲတိုက်ခိုက်


နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ် တပ်ရင်း (၉)၊ ဆောထိ (ရွှေကျင်) မြို့နယ် တပ်ရင်း (၇) နယ်မြေးအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ တပ်ရင်း (၉)၊ KNDO တပ်ရင်း (၃) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်ရှိ Federal Wings Drone တပ်ဖွဲ့ဝင်များတို့ပူးပေါင်းပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း (၃) လုံးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ တိုက်ပွဲနှင့်မသက်ဆိုင်သော လယ်ဒို (ကျောက်ကြီး) မြို့နယ် အတွင်း နံနက် (၇း၄၀) အချိန်တွင် ဘောကထာကျေးရွာအတွင်းသို့ လေကြောင်းဖြင့် (၂) ကြိမ်၊ နံနက် (၉း၃၀) အချိန်တွင် ကောသာစေးကျေးရွာအတွင်းသို့ လေကြောင်းဖြင့် (၃) ကြိမ်၊ နေ့လည် (၁၂း၃၀) အချိန်ခန့်တွင် ပဒဲကောကျေးရွာအတွင်းသို့လေကြောင်းဖြင့် (၁) ကြိမ်၊ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်း ရှိ သံဆိပ်ကျေးရွားအတွင်းနှင့် ကျောက်တန်းကျေးရွာ အတွင်းသို့ ပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းဖြင့် (၈) ကြိမ် စုစုပေါင်း (၁၄) ကြိမ်ခန့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့် နိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် တစ်ရက်အတွင်းမှာပင် လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်းရှိ ကျေးရွားပေါင်း (၁၃) ရွာ၊ အိမ်ထောင်စုပေါင်း (၁၈၅၇) စုမှ လူဦးရေ (၈၃၁၅) ဦးနှင့် ဆောထိ (ရွှေကျင်) မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၂) ရွာ၊ အိမ်ထောင်စုပေါင်း (၁၆၄၉) စုမှ လူဦးရေ (၁၅၃၅၆) ဦးတို့မှာ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအောင် ပြည်သူလူထု၏ နေအိမ် (၃) လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံး (၁) လုံး၊ ပြည်သူ့ဆေးရုံ (၁) လုံးထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးပိုင်ဆိုင်သော ရာဘာခြံ (၁၀) ဧ ကခန့်မှာလည်း မီးလောင်ပျက်စီးသွားခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များမှ အောပလားကျေးရွာသားတစ်ဦးပိုင်ဆိုင်သော ကား (၁) စီအား အတင်းအဓမ္မယူဆောင်သွားခဲ့ ပြီး တရေစီလော်ရွာသားတစ်ဦး၏ လယ်တဲ (၁) လုံးအားလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ အစဉ်မပြတ်ပြုလုပ်ခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်များနှင့် နေ့စဉ်နေ့တိုင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လေကြောင်းမှ ကင်းထောက်ခြင်းများကို အစဉ် မပြတ် ပြုလုပ်နေခြင်းကြောင့် အသက်ဘေး လွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများ မှာ ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်ခြင်းမပြုရဲဘဲ တောတောင်များအတွင်းတွင်သာ ထွက်ပြေး ပုန်းရှောင် နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရလျက် ရှိသည်။ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းရှိ ပြည်သူလူထုများမှာ လက်ရှိအချိန်တွင် ကြောက်ရွံ့ထိန်လန့်ခြင်းများနှင့်သာ အသက်ရှင် နေထိုင်နေကြ ရလျက်ရှိသည်။