စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နေ့လည်ခန့်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် နှင့် စစ်တပ် တို့အကြား မပြေလည်မှုဖြစ်ပွား

ပဒိုစောစိုးမြင့်၊ အတွင်းရေးမှူး၊ သထုံခရိုင်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး

ဖြစ်ပွားပုံက နေ့လည် ၁၁း၀၀ နာရီလောက်က ကျနော်တို့ ကျန်းမာရေး စစ်ဆေးသည့်နေရာ (Screening Point) ကို အရှေ့တောင် တိုင်းမှူး ၏ ဇနီးသည် နှင့် အဖွဲ့မှ ကား ၂ စီး နဲ့ ရောက်လာခဲ့ပါတယ်။ သူတို့ ကား ၂ စီး မွာ စစ္သား က ၅ ဦး ပါလာခဲ့ပါတယ်။ အမျိုး သမီး က ၃ ဦး ပါလာခဲ့ပါတယ်။ သူတို့ ရောက်လာတော့ ကျနော်တို့ရဲ့ ကျန်းမာရေး စစ်ဆေးခြင်း ဂိတ်မှာ တာဝန်ကျသူတွေက တားပြီး စစ်ဆေးဖို့ ကြိုးစားခဲ့ပါတယ်။ ပုံမှန် အရေတာ့ ကားပေါ်က နေ ဆင်းကြတယ်၊ လက်ဆေးတယ်၊ ပြီးတော့ အပူချိန်တိုင်းတာ တယ် .. အဲဒါ တွေ ကို လုပ်ဆောင်ဖို့ ပြောပြ တဲ့ အခါ ကားဒရိုင်ဘာပဲ ဆင်းလာတယ်၊ ကျန်တဲ့ သူတွေ တစ်ယောက်မှ ဆင်းမလာ ခဲ့ပါဘူး။ ကျနော်တို့ ဝန်ထမ်းတွေ အနေနဲ့ကလည်း အတင်းအကျပ် ခိုင်းစေတဲ့ သဘောမျိုး မဟုတ်ပါဘူး၊ ကျန်းမာရေး စစ်ဆေးခြင်း မွာ ပူးပေါင်းပါဝင် ဖို့ ကမ်းလှမ်းတာမျိုးပါပဲ။ သူတို့ ကို ချည်းပဲ သီးသန့် တာဆီးတာ မဟုတ်ပါဘူး၊ ဖြတ်သန်းသွားလာတဲ့ သူတိုင်း ကို တားဆီးပြီး စစ်ဆေးတာပါ။ ဆိုင်ကယ်လည်း ရပ်ပြီး လာ စစ်ဆေးတယ်။ ကား၊ ခြေလျင် အကုန်ပဲ စနစ္တက် လာပြီး ဒီလို ကျန်းမာရေး စစ်ဆေးမှု မွာ ပူးပေါင်းပါဝင် ကြတာပဲလေ။

ဒီလိုမျိုး လုပ်ဆောင်တာ က လည်း အခု မွ မဟုတ်ပါဘူး။ ဟိုး သင်္ကြန် မက် ခင် ကတည်း က စတင် လုပ်ဆောင်ပြီး ပြည်သူလူထု တွေ အကြား မွာ ဒီလို ကိုဗစ်-၁၉ ရောဂါ မပြန့်နှံ့ဖို့ ကို အတူတကြ ဝိုင်းဝန်း လုပ်ဆောင် နေလာတာဖြစ်ပါတယ်။ တစ်လျှောက်လုံး ဘာမွ ဖြစ်မလာဘူး။ အခုလို တိုင်းမှူး ရဲ့ ဇနီးသည် ရောက်လာမှ ဖြစ်တာပါ။ မေးမြန်းကြည့်တော့ ဝန်ကြီး လို့ ပြောပါတယ်။ ဝန်ကြီး ကား တန်း ဆိုတော့ သွားခွင့်ပြုလိုက် ကြပါတယ်။ ဝန်ကြီး က ဒီ အနားမွာ ရွိတဲ့ မော်လေး ကျေးရွာ က တောရကျောင်း ကို လာပြီး သင်္ဃန်း တစ္စုံ လာလှူ တာ လို့ ပြောပါတယ်။ အဲဒါ ပြီးတော့ သူတို့ ပြန်လာကြပါတယ်။ ပြန်လာတဲ့ အချိန် ကေတာ့ ၁၂ နာရီ ၅ မိနစ် လောက် ရှိပါပြီး။ တိုင်းမှူး ရဲ့ ဇနီးသည် က ပြန်ရောက်သွားပြီး သူ့ ခင်ပွန်းသည် ကို ဘယ်လိုပြန်ပြောလည်း ဆိုတော့ - အဲဒီ ကျန်းမာရေးစစ်ဆေးတဲ့ ဂိတ် က ကားကို တားပြီးတော့ သေနတ် ပစ်ဖေါက်တယ် တဲ့။ တကယ်တမ်းက သေနတ် တစ်ချက် မွ မပစ်ဖောက် ခဲ့ပါဘူး။ အဲမွာ တာဝန်ကျသူတွေ က ကျနော် တို့ ရဲ့ ကော်သူးလေအမျိုးသားရဲတပ်ဖွဲ့ ဝန်ထမ်းတွေပဲ။

သူတို့ ကို တာဝန်ပေးထားတာ က လည်း ဖြတ်သန်းသွားလာသူတွေ ကို တားပြီး ကျန်းမာရေး စစ်ဆေးမှု မွာ ပူးပေါင်း ပါဝင် ဖို့ရယ်၊ လက်ဆေးပြီး အပူချိန် တိုင်းတာ မှု ခံယူ ဖို့ မေတ္တာရပ်ခံ ခိုင်းတာပဲ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်း မွာ တော့ စစ်တပ် က ကျနော်တို့ ကျန်းမာရေး စစ်ဆေးတဲ့ ဂိတ်တွေကို ဖြုတ်သိမ်းခိုင်းပါတယ်။ ဒီမွာ နေလို့ မရတော့ဘူးလို့ ပြောလာပါတယ်။ ဒီမွာ Screening Point ထားလို့ မရေတာ့ဘူး လို့ ပြောလာပါတယ်။ ပြီးတော့ စစ်ကြောင်း ၂ ကြောင်း ကို စေလွှတ်ပြီး ကျနော် တို့ ကို ဖယ်ရှားဖို့ ကြိုးစားလာပါတယ်။ ကျနော်တို့ Screening Point လုပ်တဲ့ နေရာ နဲ့ မနီးမေဝး လမ်း တစ်ဖက်တစ်ချက်မွာ လာ စခန်းချ ကြပါတယ်။ အခုဆိုရင် ကျနော်တို့ Screening Point ကို ဖြုတ်သိမ်းခိုင်းပါတယ်။ နောက်ပြီး ဒီမွာ နေလို့ မရေတာ့ဘူး လို့ ပြောပါတယ်။

ဒါပေမယ့် ကျနော်တို့ အနေနဲ့ကလည်း စီမံချက်ကာလအတွင်းမွာတော့ ဖြုတ်သိမ်းဖို့ အစီအစဉ် မရှိသေးတဲ့ အတွက် မဖြုတ်သိမ်း ပါဘူး။ မဖယ်သေးပါဘူး။ အခု ဆို လမ်းရဲ့ တောင်ဘက်မွာ စစ်ကြောင်း ၂ ကြောင်း နဲ့ စခန်းလာချ နေပါတယ်။ တပ်ရင်းမှူးတွေ လည်း အဲမွာပဲ ရှိနေပါတယ်။ ဒီဖက် မွာ ကျတော့ ကျနော်တို့ အရင်ကတည်း က စခန်းလေးတစ်ခု ရှိတဲ့အတွက် ဒီမွာပဲ Screening Point ကို ထားတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ က တော့ တစ်ဖက် နဲ့ တစ်ဖက် စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ မနက်ဖြန်တော့ ဘယ်လို ဖြစ်လာမှာလည်း မသိနိုင်သေးပါဘူး။ ရှေ့တန်းမွာ တာဝန္က် တဲ့ ကျနော်တို့ ဝန်ထမ်းတွေ ကို ဆက်သွယ်ကြည့်တော့ သူတို့ က လာဖယ်ခိုင်းတယ်၊ တဲကို ဖြုတ်သိမ်း ခိုင်းတယ် ဆိုတဲ့ အဆင့်အထိပဲ ရှိသေးတယ် လို့ သိရပါတယ်။ တိုင်းမှူးရဲ့ ဇနီးသည် ရောက်လာပြီး ပြန်သွားတော့ ကျနော်လည်း ခဏ ရောက်သွားသေးတယ်။ အဲဒီတုန်းကတော့ စစ်တပ် က ရောက်မလာသေးပါဘူး။ နောက်မှ တိုင်းမှူးက သူ့ စစ်ကြောင်း ၂ ကြောင်း ကို စေလွှတ်ပြီး ကျနော် တို့ ကို ဖယ်ခိုင်းဖို့ ပြောလာပါတယ်။ ကျနော်တို့ ဒီလို လုပ်ဆောင်နေတာ ဟာ တိုက်နေ ခိုက်နေ သတ်နေ ဖြတ်နေ တာ မဟုတ်ပါဘူး။ ကျနော်တို့ ဒေသတွင်း မွာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှု မဖြစ်အောင် ပြည်သူ နဲ့ အတူ ပူးပေါင်း လုပ်ဆောင်နေတာမျိုးပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့နေရာမွာလည်း တစ်ဦးတစ်ယောက်မွချန်လှပ်မထားရေး ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်နေတာပဲ ဖြစ် ပါတယ်။ အစိုးရဘက်က ကျန်းမာရေးဌာန လည်း လမ်းညွန်ထားတာ ရှိပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ ကလည်း ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အတွက် ထုတ်ပြန်ချက်တွေ ထုတ် ထားတာ ရှိပါတယ်။ ကျနော်တို့ ကလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်း က နေ ပါဝင်လုပ်ဆောင် နေတာပဲ ဖြစ်ပါတယ်။

ကေအဲန်ယူဗဟို ကလည်း ညွန်ကြားစာ ထုတ် ထားတာ ရှိတယ်၊ ထိုင်း နိုင်ငံ မြို့ကြီးတွေ က နေ နယ်စပ် ဖြတ် ပြန်လာတဲ့ သူ တွေကို သတိထား စစ်ဆေးပေးဖို့ နဲ့ တကယ်လို့ ထူးခြားချက်တွေ တွေ့လိုရှိရင်လည်း သက်ဆိုင်ရာ အစိုးရ ကျန်းမာရေး ဌာန နဲ့ ဆက်သွယ်ဖို့ လုပ်ဆောင်ရင်း ဒေသတွင်း ရောဂါ ပျံ့ပွားမှု မရှိအောင် လုပ်ဆောင်နေပါတယ်။ အကယ်၍ ထူးခြားမှု ရှိရင်လည်း Quarantine နေရာတွေမွာ နေထားခိုင်းပြီး အဆင့်ဆင့် ဆက်လက်ကာကွယ် ကုသမှုမျိုး လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ အစိုးရဆေးရုံတွေကို ဆက်သွယ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ဖို့လည်း ချိတ်ဆက်ထားကြပါတယ်။ ဒါကြောင့် တိုင်းမှူး ရဲ့ ဇနီးသည် ဖြစ်လည်းပဲ စစ်ဆေးမှုခံယူ သင့်ပေမယ့် ဒရိုင်ဘာ တစ်ယောက်ပဲ ဆင်းလာပြီး စစ်ဆေးမှု ခံယူပါတယ်။ ဟိုမှာ ပြန်ရောက်မှ ပဲ ဂိတ်မှာ တားတယ်၊ သေနတ် ပစ်ဖောက်တယ်ဆိုတဲ့ သတင်းထွက်လာပြီး တိုင်းမှူးကလည်း ဆက်သွယ်မေးမြန်းလာတာမရွိပါဘူး၊ တခါတည်း စစ်ကြောင်း ၂ ကြောင်းကို စေလွှတ်ပြီး ကျနော်တို့ကိုလာဖယ် ခိုင်းတော့တာပဲ။ ဒါကြောင့် ဟုတ္လား မဟုတ္လား ဆိုတာ ကျနော်တို့လည်း ပြည်နယ် ကို ဆက်သွယ်ကြည့် လိုက်ပါတယ်။ ဝန်ကြီး တစ်ပါး က ကျနော် တို့ ကို တိုင်ထားတာ ရှိလားလို့၊ ကော့ကြာသဲ ဂိတ်မှာ သူ့ကို တားဆီးနှောက်ယှက် တယ်လို့ သိရတယ်။ အဲဒါ ဘယ်ဝန်ကြီး လည်း လို့ မေးတော့ ဘယ်ဝန်ကြီးမှ မသြားဘူး လို့ သိရတယ်။

အဲဒီမတိုင်ခင် ဆက်ဆံရေးရုံး ကိုလည်း ဆက်သွယ်ကြည့်ပါတယ်။ ဒါနဲ့ ဆက်ဆံရေးရုံး ကလည်း မြို့နယ် တာဝန်ရှိသူ တွေကို မေးမြန်းကြည့်တော့ ဘယ်ဝန်ကြီးမွ မလာပါဘူး လို့ ဖြေပါတယ်။ ဘာလို့လည်း ဆိုတော့ ဝန်ကြီး တွေ လာရင် မြို့နယ်အုပ်ချုပ်ရေးမှူး တွေ လိုက်ပါရလို့ ပဲ။ ကျနော်တို့ သထုံခရိုင် အနေနဲ့က ခရိုင်ထဲမှာ Screnning Point ၈ ခု သတ်မှတ်ထားပါတယ်။ ၈ ခု ထဲ မွာ သထုံမြို့နယ် အနေနဲ့ က တော့ ဒီ တစ်နေရာ ပဲ ရှိတယ်။ ဘီးလင်းမြို့နယ် မွာ ၃ ခု ထားတယ်။ ကျိုက်ထိုမြို့နယ် မွာ ၁ ခု၊ သထုံမြို့နယ် မွာ ၁ ခု၊ ဖားအံမြို့နယ် မွာ ၁ ခု ထားတယ်။ မော်စကို မြို့နယ် မွာ ၃ ခု ထားတယ်။ မော်စကို မြို့နယ် က ၃ ခု ကိုတော့ ဖြုတ်လိုက်ပြီး။ သူတို့ လာပြောလို့ သူတို့ လာဖြုတ်ခိုင်းလို့။ အထူးဒေသလည်း ဖြစ်တော့ မျဖစ္မေန ကျနော် တို့ ဖြုတ်သိမ်း လိုက်တာပါ။ ကျနော်တို့ ကျန်းမာရေး ဝန်ထမ်း တွေ တော့ ရှိနေပါတယ်။ ဒါပေမယ့် ဘာ လှုပ်ရှားဆောင်ရွက်မှု မွ မလုပ်တော့ပါဘူး။

ဒီလိုမျိုး ဖြစ်ရပ်ကို သုံးသပ်ရရင် ဒီ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ကြတယ်၊ ပူးပေါင်းပါဝင် ကြတယ်ဆိုတာက လူ တစ်ဦးတစ်ယောက်တည်း ရဲ့ အလုပ် မဟုတ်ပါဘူး။ လူတိုင်း မွာ သူ့နေရာနဲ့ သူ တာဝန် ရှိပါတယ်။ သူက တိုင်းမှူး ရဲ့ ဇနီးသည် ဖြစ်ပေမယ့် လည်း လူသား တစ်ဦး ဖြစ်လို့ ကမ်ဘာ့ကပ်ရောဂါ လို့ အများသိကြတဲ့ ကိုဗစ်-၁၉ ရောဂါ ကျနော်တို့ ဒေသတွင်းမှာ မကူးစက် မပျံ့ပွားအောင် လုပ်ဆောင်နေတာမျိုးမှာ ပါဝင် သင့်ပါတယ်။ ကျနော်တို့ အနေနဲ့ ကလည်း ကေအဲန်ယူ ရဲ့ ခရိုင် တပ္မဟာ တွေ ဖြစ်တဲ့ အတွက် ဒီလို ရောဂါ ကာကွယ် တားဆီးမှု တွေမှာ တစ်ထောင့်တစ်နေရာ၊ က်ရာ အခန်းကဏ္႑ ကေန ပါဝင် လုပ်ဆောင် နေတာ ပဲ ဖြစ်ပါတယ်။

ဗဟို ရဲ့ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီ ကေန လမ်းညွန်မှု ပေးလာတဲ့ အတိုင်း ခရိုင် မှာလည်း ကိုဗစ်-၁၉ အရေးပေါ် အဖွဲ့ ကို ဖွဲ့ပြီး လုပ်ဆောင်နေတာ ပဲ ဖြစ်ပါတယ်။ အချို့မြို့နယ် ဆိုရင် ကျေးရွာ အဆင့် အထိ တောင် အရေးပေါ် ကျန်းမာရေး အဖွဲ့တွေ ကို ဖွဲဲ့စည်း လုပ်ဆောင်နေတာ ရှိပါတယ်။ ဒီလို လုပ်နေတာ ကလည်း လူထုကျန်းမာရေး၊ ပြည်သူ့ ကျန်းမာရေး ကိစ္စ ရိုးရိုး တွေပဲ မို့ ပြောရရင် - သူတို့ က သွေးတိုး လာစမ်း သလိုမျိုး၊ ထိပါး နှောက်ယှက်သလိုမျိုး လာလုပ်နေတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

နောက်တစ်ခု က သူတို့ စစ်တပ် ကပဲ အသာစီး ယူ မယ် ဆိုတဲ့ ပုံစံ မျိုး ဖြစ်နေတယ်။ သူတို့ ပြောလာ ခိုင်းလာရင် ကျနော် တို့ က အကုန် လိုက်လုပ်ပေးရမယ် ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော်တို့ အနေနဲ့ ကလည်း ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားပေမယ့် တကယ်တမ်း အစိုးရ ရဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံ ယန္တရား အောက်မှာ ဝင်ရောက် ပါ နေတာ မျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မူ၊ ဝါဒ၊ ဖွဲ့စည်းပုံ နဲ့ ကိုယ် ရှိနေတာ ဖြစ်တယ်။

ဒီလို ကြားကာလ အခြေအနေမှာ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ အပိုင်း က နေ ပြည်သူ လူထု အကျိုးစီးပွား ရှေ့ရှု ထမ်းဆောင် ဖို့ အစီအစဉ် တွေ လည်း ရှိထားပြီး ဖြစ်တယ်။ ကျန်းမာရေး ကဏ္႑၊ ပညာရေးကဏ္႑ ကိုယ်တတ်နိုင်တဲ့ ကဏ္႑ တွေမှာ ပါဝင် လုပ်ဆောင်ဖို့လည်း ဗဟို က လမ်းညွန်ထားပြီး ဖြစ်ပါတယ်။ နည်းလမ်းတွေ လည်း ရှိထားပြီး ဖြစ်ပါတယ်။ ကိုယ့်အ လုပ် ကိုယ် လုပ်ရမယ် ဆိုတာ ကိုတော့ သိပါတယ်။ လုပ်နေကြတာပဲ လေ။