စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

Karen Department of Health and Welfare (KDHW) Annual Meeting - 2019

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ဌာနဖြစ်သည့် ကရင်ကျန်းမာရေးဌာန၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ဖားအံခရိုင် (လေးဝါး) တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးကို ဗဟိုကရင်ကျန်းမာရေးဌာနမှ ဦးဆောင်ပြုလုပ်ပြီး အစည်းအဝေးကို ၅ ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဗဟို၊ ခရိုင်၊ မြို့နယ် ရှိ ကျန်းမာရေးဌာနဆိုင်ရာ ခေါင်းဆောင်များ၊ ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်များနှင့် အခြားသော သက်ဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း (၁၁၁) ဦး တက်ရောက်ခဲ့ကြသည်။

ကရင်ကျန်းမာရေးဌာန နှစ်ပတ်လည် အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်သည် ကျန်မာရေးဌာနဆိုင်ရာလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းစဉ်များချမှတ်ခြင်း နှင့် အပစ်ရပ်ကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေးခြင်း၊ ကျန်မာရေးဌာနဆိုင်ရာ အဆင့်ဆင့်သော လုပ်ငန်းများဖြစ်သည့် ခရိုင်၊ မြို့နယ်၏ ဆောင်ရွက်ချက်များကို ဆွေးနွေး သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တင်ပြသော အစီရင်ခံစာများကို သုံးသပ်အကြံပြုခြင်း၊ Policy များကို ပြန်လည်သုံးသပ်ခြင်းနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသက်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ကရင်ကျန်းမာရေးဌာနသည် ကရင်အမျိုးသားလုံးအတွက်သာမကဘဲ မြန်မာနိုင်ငံရှိ ပြည်သူလူထုများအားလုံးအတွက် ဆေးဝါးဆိုင်ရာကုသမှုများ အပြင် အချိန်မှီ ကုသနိုင်ဖို့အတွက် ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်။ ယခု လက်ရှိ ဌာနမှူးသည် ပဒိုစောအယ်ကလုရွှေဦးဖြစ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအမြဲတမ်းကော်မတီ တစ်ဦးဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်ေ

ဖားအံခရိုင် (လေးဝါး)