စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကော်သူးလေ အုပ်ချုပ်မှုနှင့် ပြည်သူရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ တစ်လတာသင်တန်းကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာနချုပ်တွင် ကျင်းပပြီးစီး


စက်တာဘာလ ၃၀ ရက် ၂၀၂၂။ ကေအဲန်ယူ-ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်အဆင့် ဌာနဆိုင်ရာ အရာရှိနှင့်ဝန်ထမ်းများ၏ ခေါင်းဆောင်မှု နှင့် အုပ်ချုပ်ရေးဆိုင်ရာ အရည်အသွေးများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုဆိုင်ရာ တစ်လတာ စွမ်းရည်မြင့်သင်တန်းကို ကေအဲန်ယူ ဗဟိုဌာနချုပ်ရုံးစိုက်ရာ ဖားအံခရိုင် တွင် စက်တင်ဘာလ ၅ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည်။
သင်တန်းဖြစ်မြှောက်ရေးအတွက် ကေအဲန်ယူ ဗဟိုမှ ဦးစီးပြီး School of Governance and Public Administration (SGPA) မှ ပညာရပ်ဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။  ဤတစ်လတာသင် တန်းသို့ ကေအဲန်ယူ တောင်ပိုင်း ၃ ခရိုင်ဖြစ်သည့် ဒူးပလာယာ၊ ဖားအံနှင့် မြိတ်ထားဝယ်ခရိုင်တို့မှ လူငယ်ခေါင်း ဆောင်များ၊ အရပ်ဖက်အုပ်ချုပ်ရေးနှင့် လုံခြုံရေးဌာနမှ အမျိုးသမီးနှင့် အမျိုးသားအရာရှိများ စုစုပေါင်း ၃၁ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
ဤတစ်လတာ သင်တန်းကာလအတွင်း ပြည်သူ့ရေးရာမူဝါဒ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘော တရားများ၊ နိုင်ငံရေး၊ စီးပွားရေး၊ အခွန်ဘဏ္ဍာရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ဆိုင်ရာစီမံအုပ် ချုပ်မှု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချခဲ့သည်။ ခရိုင် ၃ ခုမှ တက်ရောက်သူများကလည်း သက် ဆိုင်ရာဒေသမှ လူမှုစီးပွားနှင့် အုပ်ချုပ်ရေးဆိုင်ရာ မြေပြင်အခြေအနေများကို အဖွဲ့များခွဲ၍ ဆွေးနွေးကာ မိမိတို့၏ အတွေ့အကြုံများ အမြင်များကို အပြန်အလှန်တင်ပြ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထို့အပြင် ခရိုင်အလိုက် နိုင်ငံရေး စစ်ရေး အခြေအနေများကို အခြေခံ၍ အနာဂါတ်မျှော်မှန်းချက်ဆိုင်ရာ စကားဝိုင်းများ (Panel Discussion) ကိုလည်း ကျင်းပခဲ့ကြောင်း သင်တန်းဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် စောကပီ ကပြောသည်။
ကေအဲန်ယူ ဌာနများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုစနစ်ကျကောင်းမွန်လာရေးအတွက် တာဝန်ယူရတဲ့ ကေအဲန်ယူ ဗဟို၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောဆဲဘွယ် ကလည်း "လက်ရှိအခြေအနေမှာ မြေပြင်က လူထုတွေရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ပိုများလာတာကြောင့် ကျနော်တို့ ကေအဲန်ယူ အုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍက ပိုမိုအရေးပါလာပါတယ်။ ကေအဲန်ယူ ရဲ့ ရှိရင်းစွဲ ဗဟို၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာအဆင့်ဆင့်ရဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု၊ စီမံခန့်ခွဲရေးလုပ်ငန်း တွေကို အခုထက်ပိုပြီး စနစ်တကျ၊ ထိရောက်မှန်ကန်မြန်ဆန်စွာ တာဝန်ယူ ဆောင်ရွက်နိုင် ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့လူတွေ၊ ဌာနဆိုင်ရာတွေရဲ့ ဖွဲ့စည်းပုံနဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ ကျ နော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒီအတွက် ဒီလိုသင်တန်းတွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အရင် ကဆို ဌာနဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုသင်တန်းတွေကို အထူးတလှယ် ပို့ချတာမရှိခဲပါဘူး" ဟုဆိုပါသည်။
ကိုဗစ်ကမ္ဘာ့ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့ ရသကဲ့သို့ ကေအဲန်ယူ အုပ်ချုပ်သည့်နယ်မြေများတွင်လည်း ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်နှင့် လုံခြုံရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ ဖြည့်ဆည်း ရန် ဆထက်တပိုး ပိုမိုများပြားလာသည်ဖြစ်သည်။ သို့ဖြစ်၍ ကေအဲန်ယူ ဗဟိုနဲ့ ခရိုင်ခေါင်းဆောင်များက ကေအဲန် ယူအုပ်ချုပ်သည့်နယ်မြေများတွင် အရေးတကြီးလိုအပ်နေသော ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်   ဆောင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခရိုင်၊ ကျေးရွာအဆင့် ပြည်သူ့ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ စွမ်းဆောင်ရည်မြင့်တင်ရေး လုပ်ငန်းများကို အထူးအားစိုက် ဆောင်ရွက်လျက်ရှိပါသည်။
"ခိုလို ဒီလိုသင်တန်းမျိုး အမှန်တကယ် လိုအပ်နေချိန်မှာ SGPA နဲ့ တွေ့ဆုံပြီး ပူးပေါင်းလုပ်ဆောင်နိုင်တာဟာ အခွင့် ကောင်းတစ်ရပ်ပဲ။ ပထမအကြိမ် တစ်လသင်တန်းကို မြောက်ပိုင်း ၄ ခရိုင်အတွက် မူတြော်မှာ ဒီနှစ်ဆန်းပိုင်း က ကျင်းပခဲ့ပြီး အခုတစ်ခါ တောင်ပိုင်း ၃ ခရိုင်အတွက် ဒုတိယအကြိမ်ဖြစ်တယ်။ နောင်မှလဲ ဒါတွေကို ပိုပြီး အား ကောင်းအောင် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်" ဟုပဒိုဆဲဘွယ် က ဆက်လက်ပြေကြားခဲ့ပါသည်။
ကေအဲန်ယူ အုပ်ချုပ်ရေး ယန္တရား၏ ဗဟိုအဆင့်တွင် ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း၊ သတ္တု၊ အခွန်ဘဏ္ဍ စသဖြင့် ဌာနပေါင်း ၁၄ ခုရှိပြီး ခရိုင်၁ စုစီတွင် ဌာန ပေါင်း ၉ ခုစီရှိသည်။ ဗဟို၊ ခရိုင် ၇ ခု၊ မြို့နယ် ၂၅ ခု၊ ကျေးရွာအုပ်စု၊ ကျေးရွာအဆင့်ဆင့်တွင် အုပ်ချုပ်ရေးတာဝန် ယူသူများသည်လည်း ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသော ခရိုင်အဆင့်၊ ဗဟိုအဆင့် ကွန်ကရက်တွင် ပြည်သူက ရွေးချယ်တင်မြောက်ထားသော ခေါင်းဆောင်များဖြစ်ကြသည်။