စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်းမှဦးဆောင်၍ ကျောက်ကြီးမြို့နယ် အတွင်းရှိ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူလူထုများအား လိုက်လံဆေးကုသမှုပေးခြင်း


စက်တင်ဘာလ (၆)ရက် ၂၀၂၂ခုနှစ် ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများအား ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့မှ ဦးဆောင်၍ ဆေးဝါးကုသမှုပေးခြင်းကို လုပ်ဆောင်ခဲ့ပြီး ယခုလို ဆေးဝါးကုသမှုပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံကျေးရွာလူထုများသည် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေသည့်အပြင် ကျန်းမာရေးချို့ယွင်းမှု ရောဂါဝေဒနာများလည်း ခံစားနေကြ ရသည့်အတွက် ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့မှ ဆေးဝါးလိုက်လံကုသမှု ပေးခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များ ဖြစ်သော ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများအား မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူလူထုများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ ပြည်သူလူထုများ၏ အိုးအိမ်းများကိုဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်း တို့ကို ဒေသခံပြည်သူလူထုတို့မှခံစားနေကြရပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသည်။

ထိုသို့သော လုပ်ရပ်များကြောင့် ဒေသခံပြည်သူလူထုတို့၏ အသက်အိုးအိမ်ကို ကာကွယ်ပေးရန် တာဝန် ရှိသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ် ပွားနေသည့် အတွက် ဒေသခံကျေးရွာပြည်သူလူထုများမှ ကျေးရွာများ အားစွန့်ခွာ၍ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။