စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

NGLP ကျောင်းမှ ကျောင်းသူ / ကျောင်းသားများ ပြည်သူလူထု၏ လယ်ယာကို ကူညီစိုက်ပျိုး


၁၃ရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း ( NGLP ) မှ ကျောင်းသူ/ကျောင်းသား လူငယ်မောင်မယ်များ သည် ၎င်းတို့ကျောင်းတည်ရှိရာ အနီးအနားရှိ ပြည်သူလူထုများ၏ လယ်ယာထဲသို့ သွားရောက်စိုက်ပျိုးကူညီခဲ့ကြပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်းသည် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်/တပ်မဟာအသီးသီး နှင့် ဌာနအသီးသီးမှ လူငယ်မောင်မယ်များလာရောက်တက်ရောက်ခဲ့ကြပြီး အခြေခံစစ်သင်တန်း၊ နိုင်ငံရေး၊ မိခင်အစည်းအရုံး၏ လမ်းစဥ်လုပ်ငန်းစဥ်များနှင့် မျက်မှောကျခောတျ အသိပညာ အတတ်ပညာများအပြင် အောက်ခြေသိမ်းအလုပ်များကိုပါ သင်ကြားပေးခဲ့ပါသည်။

ဤသို့ ပြုလုပ်ရခြင်းမှာ အနာဂတ်ဖြစ်တည်လာမည့် ခေါင်းဆောင်များသည် ခေါင်းဆောင်မှုပြုလုပ်ရာတွင် အခြေခံကျကျနှင့် အရည်အချင်း ပြည့်မှီသော ခေါင်းဆောင်ဖြစ်လာစေရေးအတွက်ကို ရည်မျှော်ခဲ့ပါသည်။