စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

နွေရာသီလူငယ်စွမ်းရည်မြင့်တင်ရေး စခန်းသွင်းသင်တန်းကို ခရိုင် ၃ ခုမှ အောင်မြင်စွာဖွင့်လှစ်ပြီးစီး


၁၃ရက် ဇွန်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ - ကရင်လူငယ်အစည်းအရုံး KYO (ဗဟို )မှ ဦးစီး၍ ကေအဲန်ယူ - ကရင်လူငယ်အစည်းအရုံး KYO ( ခရိုင်/မြို့နယ် ) တို့နှင့် ပူးပေါင်း စီစဥ်ဆောင်ရွက်ပြီး နွေရာသီလူငယ်စွမ်း ရည် မြင့် တင်ရေးစခန်းသွင်းသင်တန်းကို ခရိုင်(၃)ခုဖြစ်သည့် ကေအဲန်ယူ - ဒူးသထူခရိုင်၊ ကေအဲန်ယူ - ညောင်လေးပင်ခရိုင် နှင့် ကေအဲန်ယူ - ဘိတ်-ထား၀ယ်ခရိုင်တို့တွင် အချိန် ရက်သတ္တပတ် ၅ ပတ်ကြာဖြင့် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပြီးစီးနိုင်ခဲ့ပါသည်။

ဤသင်တန်းကို အနယ်နယ်အရပ်ရပ်မှ လူငယ်များပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းသူ/သားဦးရေစုစုပေါင်း (၂၂၇)ဦး ရှိခဲ့ပါသည်။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင် များ၏ စီစဉ်ဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပမှ ကရင်လူမှုအဖွဲ့အစည်းများ/ ကရင်ပြည်သူလူထုများကူညီထောက်ပံ့မှု နှင့် အနယ်နယ်အရပ်ရပ်ရှိ လူငယ်များ ပူးပေါင်းလုပ်ဆောင်မှု၊ ချိတ်ဆက်ဆောင် ရွက် မှုကြောင့် အားကောင်းစွာဖြင့် မပြီးဆုံးသေးသောကာလရှည် တော်လှန်ရေးတိုက်ပွဲတွင် တော်လှန်ရေးခံယူချက်အပြည့်အဝဖြင့် သမိုင်းပေးတာ၀န်ကို ဆက်လက်ထမ်းဆောင်ရန် နှင့် တော်လှန် ရေး တိုက်ပွဲအောင်ပွဲအတွက် အင်အားတစ်ရပ်ဖြစ်လာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။