စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကရင်အရပ်ဘက်အဖွဲ့အစည်းများအကြား တရားမျှတရေးလုပ်ငန်းများ ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် ညှိုနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်


၂၆ ဇန်နဝါရီ ၂၀၂၂    ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တရားရေးဌာန လက်အောက်ခံ KLAC မှ စီစဉ်ဆောင်ရွက်ပြီး ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများနှင့်ဆိုင်သော အလုပ်ရံုဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကရင်အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် (၂) ဦးစီတက်ရောက်ခဲ့ကြပြီး တရားဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ဖြစ်ထွန်းရေးအတွက် ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။

ဤတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ
- ပြည်သူလူထုများရင်ဆိုင်ကြုံတွေ့နေရသော တရားရေးဆိုင်ရာ အခက်အခဲများ / စိန်ခေါ်မှုများကို ထိရောက်စွာ ကူညီပံ့ပိုးမှုပြုနိုင်ရေးအတွက် ဒေသအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ပိုမိုချိတ်ဆက်၍ လုပ်ဆောင်လာနိုင်စေရန်။
- အရပ်ဘက်အဖွဲ့အစည်းများအချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ပုံမှန်တွေ့ဆုံနိုင်ခြင်းမှ ဒေသအတွင်းရှိ တရားရေးဆိုင်ရာအခက်အခဲများနှင့် စိန်ခေါ်မှုများကို အချိန်နှင့်တပြေးညီ သိရှိနားလည်နိုင်စေရန် နှင့် ပူးပေါင်းဖြေရှင်းမှုပြုနိုင်ရန်။
-အဖွွဲ့အချင်းချင်းအကြား အခက်အခဲ နှင့် လိုအပ်ချက်များကို သိရှိပြီး အချင်းချင်း ပံ့ပိုးမှုများပြုလုပ်နိုင်ရန်နှင့်  လိုအပ်သောချိတ်ဆက်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန်  စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရား အာဏာသိမ်းမှု ကြုံတေွ့‌ေနရသည့်အပြင် Covid - 19 ရောဂါကို ရင်ဆိုင်နေရသဖြင့် ပြည်သူလူထုများသည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူ ဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့သည်လည်း လွတ်လွတ်လပ်လပ်ဖြင့် လှုပ်ရှားလုပ်ဆောင်နိုင်ရန်အတွက် အခက်အခဲများရှိခဲ့ပါသည်။ ထို့နည်းတူစွာ တရားရေးဆိုင်ရာလုပ်ငန်းများသည်လည်း ယခင်ကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် စိန်ခေါ်မှုများရှိသည့်အတွက်ကြောင့် တရားရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးပွဲတက်ရောက်လာသော ကိုယ်စားလှယ်များမှ ဆွေးနွေးတိုင်ပင်ပြီး အကြံပြု မှုများပြုခဲ့ကြပါသည်။

ဤဆွေးနွေးပွဲ၌ ဆွေးနွေးတိုင်ပင်အကြံပြုမှုများပြုခဲ့ကြသည့်အပြင် ရှေ့ဆက်လုပ်ငန်းစဥ်များကို ချမှတ်ခဲ့ကြပြီး အောက်ခြေပြည်သူလူထုများ တရားဥပဒေအကွယ်အကာရရှိရေးအတွက် အခြေခံအရပ်ဘက်အသင်းအဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား မည်သို့ပေါင်းစည်းပြီး လုပ်ဆောင်သွားကြမည်ကို ဆွေးနွေးတိုင်ခဲ့ကြပါသည်။ ထို့အပြင် တရားဥပဒေဆိုင်ရာလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် အရပ်ဘက်အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား လိုက်နာဆောင်ရွက်ရန် သဘောတူညီချက်များကိုလည်း ဆုံးဖြတ်ချမှတ်ခဲ့ကြပါသည်။