Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

သိၣ်မှံၤဂ့ၢ်ဝီ၀ဲၤကျိၤ

၀ဲၤကျိၤတဖၣ်

သိၣ်မှံၤဂ့ၢ်ဝီ၀ဲၤကျိၤ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ ပြင်ပဖြစ်သည့် ကရင်တိုင်းရင်းသားများရှိရာ ဒေသများ၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ ပိုမိုပေါ်ပေါက်လာစေရန်အတွက် ဒေသခံ ကရင်အမျိုးသားခေါင်းဆောင်များနှင့် ပူးပေါင်းပြီးဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကရင်အမျိုးသား နိုင်ငံရေးသမိုင်းများကို မျိုးဆက်သစ် ကရင်လူငယ်များ ပိုမိုသိရှိလာစေရန် ဟောပြောစည်းရုံးလျှက်ရှိပါသည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသတွင် ကျင်းပလျှက်ရှိသည့် ကရင်အမျိုးသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများတွင်လည်း ပါဝင်တက်ရောက်ပြီး ကရင့်တော်လှန်ရေးသမိုင်းကြောင်းများကို ဟောပြောစည်ရုံးလျှက်ရှိပါသည်။

မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအပေါ် သဘောထား

(၁) တိုင်းရင်းသာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် မိမိအဖွဲ့အစည်း၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ တူညီသောအရာများကို ပူးတွဲဆောင်ရွက်၍၊ မတူညီသောအရာများကို ခွဲ၍ ဆောင်ရွက်သွားရမည်။
(၂) တိုင်းရင်းသာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် မိမိ၏ အဖွဲ့အစည်းအပေါ် လွှမ်းမိုးချုပ်နှောင်ခြင်း မရှိစေရ။ ထို့အပြင် မိမိအဖွဲ့အစည်း၏လုပ်ငန်းစဉ်များကိုလည်း အဟန့်အတား မဖြစ်စေရ။
(၃) တိုင်းရင်းသာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းမျာနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် အကျိုးရှိရမည်။

မဟာမိတ်အင်အားစု ခိုင်မာတောင့်တင်းရေးလုပ်ငန်း

(၁) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား ခိုင်မာ တောင့်တင်းအောင် အားပေးရမည်။
(၂) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ စိတ်ဓါတ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရမည်။
(၃) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု၏ ညီညွတ်ရေးသည် နိုင်ငံရေးအရ အလွန်အရေးကြီးသည်ဖြစ်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းရေးစီမံချက်များဖြင့် လုပ်ဆောင်ကြရမည်။

ကရင့်တော်လှန်ရေး၏ မဟာမိတ်များ(ဝါ) မိတ်ဆွေများ

(၁) ဘုံရန်သူကို ဆန့်ကျင်၍ KNU နှင့် ကရင့်တော်လှန်ရေးကို မဆန့်ကျင်သည့် ဘဝတူလူမျိုးစု တော်လှန်ရေးအဖွဲအစည်းများ။
(၂) ဘုံရန်သူကို ဆန့်ကျင်၍ KNU နှင့် ကရင့်တော်လှန်ရေးကို မဆန့်ကျင်သည့် ဒီမိုကရေစီပါတီအဖွဲ့အစည်းများ။
(၃) ပြည်တွင်းပြည်ပ မှ KNU နှင့် ကရင့်တော်လှန်ရေးကို စာနာထောက်ခံသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် ကရင့်တော်လှန်ရေး၏ မဟာမိတ်များ၊ မိတ်ဆွေများ ဖြစ်သည်။

သိၣ်မှံၤဂ့ၢ်ဝီ၀ဲၤကျိၤ

တၢ်ဟူးတၢ်ဂဲၤ

၀ဲၤကျိၤတဖၣ်

aတၢ်ဆဲးကျိး



ပူၤကွံၥ်တယံၥ်ဒံးဘၣ်

တၢ်ဂ့ၢ်တၢ်ကျိၤလၢ တၢ်ဟံးန့ၢ် အအါကတၢၢ်တဖၣ်

ပူၤကွံၥ်တယံၥ်ဒံးဘၣ်

တၢ်ဘိးဘၣ်သ့ၣ်ညါ