Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ-ဖားအံမြို့နယ် ထိန်းချုပ်နယ်မြေအတွင်း (KECD) ကော်သူးလေကျောင်းအလုံးပေါင်း (၂၀) ကျော်ဖွင့်လှစ်သင်ကြားသွားမည်


၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ရက်၊ ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ-ဖားအံမြို့နယ် ထိန်းချုပ်နယ်မြေအတွင်း(၂၀၂၂-၂၀၂၃ ပညာသင်နှစ်)အတွင်း၌ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံဖြစ်သော ကရင့်ပညာရေးနှင့် ယဥ်ကျေးမှုဌာန (KECD) မှဦးစီး၍ ကော်သူးလေကျောင်းအလုံးပေါင်း (၂၀) ကျော်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ဖားအံမြို့နယ်အတွင်း ကော်သူးလေကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ဇွန်လ (၁၁) ရက်နေ့က ကေအဲန်ယူ-ဖားအံမြို့နယ်၏ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ ပညာရေးနှင့် ယဥ်ကျေးမှုဌာန ခေါင်းဆောင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်ရွာလူကြီးများ၊ မိဘဆရာ အသင်းအဖွဲ့ဝင်များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဖားအံမြို့နယ်၊ ဟတ္တလိုက် ကျေးနယ်အုပ်စု အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဇွန်လ (၁၅) ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ယခုလက်ရှိတွင် ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း (KECD) ကော်သူးလေအထက်တန်းကျောင်း (၁) လုံး၊ အလယ်တန်းကျောင်း (၄) လုံးအပါအဝင် ကျောင်းစုစုပေါင်း (၂၄)လုံး ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ဖားအံမြိုနယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့ထားသည်။