Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

မယ်သဲခီး (KECD)ကော်သူးလေအထက်တန်းကျောင်း (၂၀၂၂-၂၃) ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး


၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ရက်၊
ကေအဲန်ယူ -ဗဟို
ကေအဲန်ယူ ပညာရေးနှင့်ယဥ်ကျေးမှုဌာန (KECD)မှ ဦးစီး၍ ကေအဲန်ယူ-ဖားအံမြို့နယ်၊ မယ်သဲခီးကော်သူးလေအထက်တန်းကျောင်း (၂၀၂၂-၂၃) ပညာသင်နှစ်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ နေ့လည် (၁၀)နာရီခွဲအထိကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဖားအံ မြို့နယ် ခေါင်းဆောင်များ၊ ပညာရေးနှင့် ယဥ်ကျေးမှုဌာန တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဒေသခံ ရပ်မိရပ်ဖများနှင့် ကျောင်းသားကျောင်း သူ များစုစုပေါင်း (၃၀၀)ဦးကျော် ပါဝင်တက်ရောက်ခဲ့သည်။
ယခုနှစ်တွင် မယ်သဲခီးအထက်တန်းကျောင်း၌ ကျောင်းသားဦးရေ (၂၁၇)ဦးရှိပြီး ကျောင်းဆရာ၊ ဆရာမ နည်းပါးနေမှုများကြောင့် အခက်အခဲရှိကြောင်းကို " ဆရာ၊ ဆရာမ (၁၀)ဦးပဲရှိတော့ တစ် ယောက် ကို ဘာသာရပ် နှစ်ခု သုံးခု သင်နေရတယ်" ဟု မယ်သဲခီး အထက်တန်းကျောင်း ကျောင်းအုပ် ဆရာစောဂေမှ ပြောသည်။
ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းရှိ မယ်သဲခီး အထက်တန်းကျောင်းကို (၂၀၁၆)ခုနှစ်၌ ဒေသခံကရင်လူထုမှ (KECD) သင်ရိုးညွှန်းတန်းဖြင့် ကိုယ်ထူကိုယ်ထ စတင်ဖွင့်လှစ်ခဲ့ပြီး ယခု (၂၀၂၂-၂၃) ပညာသင်နှစ်တွင်မူ ကေအဲန်ယူ ပညာရေး နှင့် ယဥ်ကျေးမှု ဌာနမှဦးစီးကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်(၂၀၂၁-၂၂) ပညာသင်နှစ်အတွင်း မယ်သဲခီး ကော်သူးလေ အထက်တန်းကျောင်း၌ ကျောင်းသားဦးရေ (၄၁၀)ဦးတက်ရောက် ပညာသင်ယူခဲ့ပြီး ယခုနှစ်တွင် ကေအဲန်ယူ- ဖားအံမြို့ နယ်အတွင်း၌ (KECD) ကော်သူးလေ ကျောင်းစုစုပေါင်း (၂၀)ကျော် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံကျောင်းသားများမှာ နီးစပ်ရာ KECD ကျောင်းများ၌ ပညာဆက်လက် သင်ယူ ခွင့်ရခဲ့ပြီဖြစ်သည်။